သတ္တိရှိသော ပထမခြေလှမ်း

ဘဝနဲ့ ယောက်သွား


‘ကျွန်တော်ကိုယ်ကျွန်တော် ကံမကောင်းသူ၊ကံဆိုးသူလို့ ထင်ခဲ့မိတယ် . . . ‘

ငယ်ငယ်တုန်းက အမေဝယ်ခဲ့တဲ့ ‘ယောက်သွား’ တွေကောင်းမကောင်း စစ်ဆေးရွေး ချယ်ရတဲ့အလုပ်ကိုကျွန်တော် အရမ်းနှစ်သက်ခဲ့တယ်။။အပြင်ပန်းလှပြီး အထဲပုပ်တဲ့ ယောက်သွားတစ်ကောင်တလေပါခဲ့ရင်လတ်ဆတ်တဲ့ ယောက်သွားနဲ့ချက်ထားတဲ့ ဟင်းရည်တွေ တစ်အိုးလုံးသွန်လိုက်ရတတ်တယ်။ ဒါကြောင့် ယောက်သွားရွေးချိန် ကျွန်တော် ဂရုတစိုက်နဲ့ အာရုံစိုက်ပြီး စိတ်ပါလက်ပါ ရွေးခဲ့တယ်။

ယောက်သွားရွေးပုံက လက်တစ်ဖက်တစ်ချက်စီမှာ ယောက်သွားတစ်ကောင်စီကို ယူပြီး အချင်းချင်း ခေါက်ကြည့်တာ ဖြစ်တယ်။ခေါက်တဲ့အသံ ကျစ်နေရင် ယောက်သွားလတ်ဆတ်ပြီး အသံပွနေရင်၊အမေက ယောက်သွားတွေကို ကောက်ယူပြီး စစ်ဆေးကြည့်တယ်။ လတ်စသတ်တော့ ကျွန်တော် ဘယ်ဘက်လက်မှာ ကိုင်ထားတဲ့ယောက်သွားက ပုပ်နေလို့ ယောက်သွားတိုင်းကို အပုပ်လို့ ကျွန်တော် ထင်ခဲ့တာဖြစ်တယ်။

ငယ်ငယ်တုန်းက အမေဝယ်ခဲ့တဲ့ ‘ယောက်သွား’တွေကောင်းမကောင်း စစ်ဆေးရွေး ချယ်ရတဲ့အလုပ်ကို ကျွန်တော် အရမ်းနှစ်သက်ခဲ့တယ်။အပြင်ပန်းလှပြီး

အထဲပုပ်နေတဲ့ ယောက်သွားတစ်ကောင်တလေပါခဲ့ရင်ကလေးတွေက နားကောင်းကြတာမို့ ယောက်သွားအဆိုးအကောင်းကို အလွယ်တကူ ရွေးထုတ်နိုင်ကြတယ်။ ယောက်သွားရွေးနည်းကို အမေသင်ပေးပြီးတဲ့နောက် ကျွန်တော် ဘယ်တော့မှ ‘အပုပ်’တွေမှာ းမရွေးခဲ့မိဘူး။ လတ်ဆတ်တဲ့ ယောက်သွားဟင်းတွေ စားရတိုင်း အိမ်သားတွေက ကျွန်တော်ကို ‘ယောက်သွားရွေး ပညာရှင်’လို့ ချီးကျူးကြတယ်

ယောက်သွားတိုင်း ပုပ်နေတယ်

တစ်နေ့မှာ ဈေးထဲက ယောက်သွားတွေ အမေ ဝယ်လာပြန်တယ်။ ကျွန်တော်က ကျွမ်းကျွမ်းကျင်ကျင်ပဲ ဇလုံတစ်လုံးယူပြီး ရွေးချယ်တဲ့အလုပ်ကို စလုပ်တယ်။ ရွေးနေရင်းမှာ ‘ယောက်သွားတွေအားလုံး’ပုပ်နေတာကို သတိထားမိတယ်။

ကျွန်တော်ရဲ့ နားရွက်ကို ကျွန်တော် မယုံရဲတော့ဘူး။ တစ်ကောင်ပြီးတစ်ကောင် ကျွန်တော် ခေါက်ကြည့်တယ်။ တကယ်ပဲ တစ်ကောင်မှအကောင်းမပါခဲ့ဘူး။ အဲဒီ လို ခံစားချက်က ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက်တစ်ယောက်မိတာနဲ့ တစ်ကားလုံးကို ခါးပိုက်နှိုက် ထင်သလိုပဲ ခံစားလို့ မကောင်းခဲ့ဘူး။

‘အပုပ်’လို့ ကျွန်တော် စီရင်ချက်ချထားတဲ့ ယောက်သွားဇလုံကိုယူပြီး အမေ့ကို ကျွန်တော် သွားတိုင်ခဲ့တယ်။ အမေက တအံ့တသြနဲ့ ‘ဘယ်လိုဖြစ်တာပါလိမ့်။ အဲဒီ ယောက်သွားရောင်းသူက အမေ့ကို တစ်ခါမှလိမ်မရောင်းခဲ့ဖူးဘူး’လို့ ဆိုတယ်။

အမေက ယောက်သွားတွေကို ကောက်ယူပြီး စစ်ဆေးကြည့်တယ်။ လတ်စသတ်တော့ ကျွန်တော် ဘယ်ဘက်လက်မှာ ကိုင်ထားတဲ့ယောက်သွားက ပုပ်နေလို့ ယောက်သွားတိုင်းကို အပုပ်လို့ ကျွန်တော် ထင်ခဲ့တာဖြစ်တယ်။

ဒီလို ‘လက်စသတ်တော့’ဆိုတဲ့ အတွေ့အကြုံက ကျွန်တော်ရဲ့ နုနယ်တဲ့ စိတ်နှလုံးအိမ်ထဲမှာ ထင်းထင်းထင်ကျန်ရစ်စေခဲ့တယ်။ ဒီလိုအတွေ့ အကြုံက ဘဝရဲ့ လှည့်စားပွဲအတိုင်း တစ်ပတ်လည်ပြီး နဂိုနေရာကို ပြန်ရောက်ဖို့ စောင့်နေခဲ့တယ်။

မကောင်းသူနဲ့ပဲ ဆုံခဲ့ရတယ်

ဘွဲ့ရကျောင်းပြီးတာနဲ့ ကျွန်တော် အလုပ်ဝင်ခဲ့တယ်။ ကျွန်တော် ကြိုးစားခဲ့တယ်။ ကိုယ့်ကိုယ် မျှော်လင့်ချက်တွေ ထားခဲ့သလို တောင်းဆိုမှု တွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် အချိန်အပိုင်းခြားတစ်ခုမှာ ကျွန်တော် ပတ်ဝန်းကျင်က လူတွေကို ကျွန်တော် ကြည့်မရဖြစ်ခဲ့တယ်။ ‘လူတိုင်း’မှာ ကျွန်တော်သည်းမခံနိုင်တဲ့ အားနည်းချက်၊ ဆိုးကျိုးတွေ ရှိနေတယ်လို့ ကျွန်တော်မြင်မိတယ်။ သူတို့ကို ကျွန်တော် ပြောင်းလဲပစ်ချင်ခဲ့တယ်။ ပြောင်းလဲလို့မရတဲ့အခါ သူတို့ကို ကျွန်တော် ရှောင်ခဲ့တယ်။

ကျွန်တော်ကိုယ်ကျွန်တော် ကံမကောင်းသူ၊ ကံဆိုးသူလို့ ထင်ခဲ့မိတယ်။ဘာကြောင့် ‘ဒီလို မကောင်းတဲ့လူ’တွေနဲ့မှ ကျွန်တော် လာဆုံခဲ့ရသလဲ။

ဒီလို ကိုယ့်အပြစ်ကိုယ်ရှာလိုက်၊ ကျိန်ဆဲလိုက်နဲ့ ဝဲဂယက်ထဲမှာ ကျွန်တော် နစ်မြုပ်နေတုန်း ‘ယောက်သွားရွေးနည်း’ကို ကျွန်တော် သွားသတိရမိတယ်။ ကျွန်တော်ကိုယ်တိုင်က ‘ယောက်သွားပုပ်ကြီး’ ဖြစ်နေခဲ့ပြီလား။

ကျွန်တော်က ကျွန်တော်ရဲ့ အဆင့်မြင့်စံတွေနဲ့ ပတ်ဝန်းကျင်ကလူတွေကို သွားတိုင်းတာခဲ့မိတယ်။ လူတိုင်းကို ကျွန်တော် သဘောမတွေ့ခဲ့ဘူး။တကယ်တော့ ကျွန်တော်ကို သဘောမတွေ့စေတာက ကျွန်တော်ကိုယ်တိုင်ပဲဖြစ်ခဲ့တယ်။ ကျွန်တော်က အကောင်းကြီး မဟုတ်သလို လူတွေကလည်းအညံ့ကြီးတွေ မဟုတ်ခ့ြဲကဘူး။

ကျွန်တော်စိတ်ကို သတိပြုဖ့ို ကျွန်တော် မေ့နေခဲ့တယ်။ ကျွန်တော်ရဲ့ ‘နဂို’က ကျွန်တော်ဟန်ဆောင်တာလောက် မကောင်းခဲ့သလို လူတွေကလည်းကျွန်တော် ထင်သလို မညံ့ခဲ့ကြဘူး။ ကျွန်တော် ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့မိတယ်။

ဒီအတွက် ကျွန်တော်မှာ ရွေးဖို့လမ်းနှစ်ခု ရှိခဲ့တယ်။ တစ်ခုက လူတွေရဲ့ အမြင်မှာ ညံ့တယ်လ့ို မထင်ရအောင် ကိုယ့်ကိုယ် ပိုကောင်းအောင် ဟန်ဆောင်နေဖ့ိုနဲ့ နောက်တစ်ခုက တစ်ဘက်သားကို လေးစားတန်ဖိုးထားတတ်ဖ့ို သင်ယူတာပြဲဖစ်တယ်။ ကျွန်တော်တ့ိုက တစ်ဘက်လူရဲ့ အကောင်းကိုမြင်တတ်မှ ကိုယ့်ရဲ့ ကောင်းတာကို ကိုယ်သတိပြုမိတတ်၊ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်မှာ ဖြစ်တယ်။

ဒီလိုလုပ်နိုင်ဖ့ို ကျွန်တော် အချိန်အများ ကြီး ပေးခဲ့ရတယ်။ စစချင်းမှာ အမြင်မစောင်းဖ့ို ကျွန်တော်ကိုယ်ကျွန်တော် ‘အတင်းအဓမ္မ’ ကျင့်ခဲ့ရတယ်။ကြည့်မရတဲ့အရာတွေကို အမြင်မတည့်အောင် ကျွန်တော် ကြည့်၊ ကြည့်၊ကြည့်ပေးခဲ့တယ်။ လုပ်ရခက်ခဲ့လို့ လက်လျှော့မယ်ကြံတိုင်း လတ်ဆတ်တ့ ဲ ယောက်သွားတွေသွန်မိအောင်လုပ်ခဲ့တဲ့ ယောက်သွားပုပ်တစ်ကောင်ကို ကျွန်တော် သွားမြင်ယောင်မိတယ်။

နှစ်တွေ ကုန်လာတာနဲ့အမျှ ဒီလိုနည်းက ကျွန်တော်ရဲ့ လူမှု ဆက်ဆံရေးကို ပိုတိုးတက်ကောင်းမွန်လာစေခဲ့သလို ကျွန်တော်ရဲ့ အသက်မွေးဝမ်းကျောင်း ဆရာမ အလုပ်မှာ လည်း မရှိမဖြစ် အသုံးဝင်ခဲ့တယ်။ စရိုက်စုံ၊အရောင်စုံတဲ့ ကျောင်းသားတွေကြားမှာ ကြောင်တဲ့အသံ၊ ပွတဲ့အသံတွေထဲကနေ ကျစ်ပြီး သာယာတဲ့အသံတွေ နားထောင်တတ်ဖို့၊ ပြီးမှ ဘယ်လိုသံစဉ်၊ ဘယ်လိုတူရိယာကိုသုံးဖို့ ကျွန်တော်ကို သင်ယူနိုင်စေခဲ့တယ်။

ဒီလို အမေကိုကူရင်း ရလာခဲ့တဲ့ အိမ်တွင်းသင်ခန်းစာတစ်ခုကကျွန်တော်ဘဝမှာ ဒီလောက် အကျိုးသက်ရောက်စေခဲ့မယ်လို့ ကျွန်တော် ထင်မထားခဲ့မိဘူး။ အခုလည်း ယောက်သွားခေါက်နည်းနဲ့ အများ နှစ်သက်သူ၊အများ ကို လေးစားနှစ်သက်တတ်သူဖြစ်ဖို့ ကျွန်တော် ကြိုးစားသင်ယူနေခဲ့ပါတယ်။

20 Things I Want My Kids to Know

‘လူ့ဘဝမှာ ပိုင်ဆိုင်သမျှအရာအားလုံး လုယူနိုင်ပေမယ့်ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် လုယူလို့မရတဲ့အရာတစ်ခုတော့ရှိတယ်’

ဒီစာအုပ်ကို Dr.Hal Urdan က သူ့ရဲ့ စာသင်နှစ် (၂၇)နှစ်နဲ့သူ ရှင်သန်ခဲ့တဲ့ နှစ် (၅ဝ) အတွေ့အကြုံတွေကို ပေါင်းစုပြီး လူ့ဘဝမှာ အရေးပါဆုံးအချက် (၂ဝ)အဖြစ် ရေးသားထားတာ ဖြစ်တယ်။ မျက်မှော က်ခေတ် ပညာရေးနယ်ပယ်မှာ ဘဝပညာရေးနဲ့ အကျင့်စရိုက်ဖွံ့ဖြိုးမှု ၊ သွန်သင်မှု တွေ နည်းလာတာကြောင့် ဒီစာအုပ်က လူငယ်လူရွယ်တွေအတွက် ဘဝအဓိပ္ပာယ်ကို သိနားလည်ဖို့၊ အရည်အချင်းတွေ ထုတ်ဖော်နိုင်ဖို့၊ မှန်ကန်တဲ့ စိတ်နေသဘောထားရှိဖို့နဲ့ ရွှေရောင်အနာဂတ်တွေပိုင်ဆိုင်ဖို့ အထောက်အကူ ဖြစ်စေမယ်လို့ သူ မျှော်လင့်တယ်လို့ ဆိုထားပါတယ်။

ဒီစာအုပ်ရေးရခြင်းရဲ့ အကြောင်းရင်းကို စာရေးဆရာက ခုလိုထုတ်နှုတ်ဖော်ပြထားပါတယ်။

(၁) လူငယ်တွေကို ကျွန်တော်ချစ်လ့ို၊ သူတ့ိုရဲ့ ဘဝတွေကိုသိနားလည်ဖို့ မလွယ်ကူလို့။

(၂) ကျောင်းမှာ ‘ဘယ်လိုရှင်သန်ရမယ်’ ဆိုတဲ့ ‘လူ့ဘဝအခြေခံလိုအပ်ချက်’တွေ မသင်လို့။

(၃) လူငယ်တွေဟာ ကိုယ့်အရည်အချင်းတွေ ထုတ်ဖော်နိုင်ဖ့ို ပြင်ပလောကရဲ့ အကူအညီလိုအပ်လ့ို။

(၄) အမှန်တရားဆိုတာ ဘယ်တော့မှ ရက်လွန်ဒိတ်မရှိလို့ဖြစ်တယ်။

အုပ်ထိန်းသူ မိဘတွေနဲ့ မျှဝေနိုင်ဖ့ို သူရေးခဲ့တဲ့အချက်(၂ဝ)ကို ဖော်ပြလိုက်ပါတယ်။

(၁) အောင်မြင်ခြင်းဆိုတာ ရယူခြင်း မဟုတ်ဘူး လုပ်ဆောင်ခြင်း ဖြစ်တယ်။အောင်မြင်ခြင်းဆိုတာ ကျွန်တော်တို့ လုပ်နိုင်သလောက်အကောင်းဆုံးလုပ်တာ ဖြစ်တယ်။ အောင်မြင်ခြင်းဆိုတာ လုပ်ဆောင်ခြင်းဖြစ်တယ်။ ရယူခြင်းမဟုတ်ဘူး။ အောင်နိုင်တာ မဟုတ်ဘူး(WynnDavis)

(၂) လူ့ဘဝက ခက်ခဲပင်ပန်းတယ်လူ့ဘဝမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိတယ်။ အဲဒီ ပြဿနာတွေကို ကျွန်တော်တို့ ညည်းညူမှာ လား၊ ဖြေရှင်းမလား။(M. Scott Pack)

(၃) လူ့ဘဝက ပျော်စရာတွေ ပြည့်နေတယ်ရင်ဖွင့်ပြီး ရယ်မောတယ်ဆိုတာ လူတွေရဲ့ မွေးရာပါ အဆင့်အမြင့်ဆုံး အတတ်ပညာဖြစ်တယ်။ (Norman Cousins)

(၄) ရွေးချယ်ခြင်းကို မှီခိုပြီး ကျွန်တော်တို့ အသက်ရှင်တယ်။လူ့လောကထဲ လာမှာ လားလို့ ဘုရားသခင်က ကျွန်တော်တို့ကို မမေးခဲ့ဘူး။ လူ့လောကထဲလာဖို့ ကျွန်တော်တို့မှာ ရွေးချယ်ပိုင်ခွင့်မရှိပေမယ့် ဘဝမှာ ဘယ်လိုရှင်သန်မယ်ဆိုတာကိုတော့ ကျွန်တော်တို့ရွေးခွင့်ရှိခဲ့တယ်။ (Henry Ward Beecner)

(၅) စိတ်သဘောထားဆိုတာ ရွေးချယ်ခြင်းတစ်မျိုးဖြစ်တယ်လူ့ဘဝမှာ ပိုင်ဆိုင်သမျှအရာအားလုံး လုယူနိုင်ပေမယ့် ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် လုယူလို့မရတဲ့အရာ တစ်ခုတော့ရှိတယ်။အဲဒါကတော့ ကိုယ်ရွေးချယ်တဲ့ စိတ်နေသဘောထားနဲ့ လွတ်လပ်မှု ပဲဖြစ်တယ်။ (Viktor Frankl)

(၆) အကျင့်စရိုက်ဆိုတာ အောင်မြင်ခြင်းရဲ့ သော့ချက်ဖြစ်တယ်။အောင်မြင်သူနဲ့ ရှုံးနိမ့်သူကြားမှာ မတူညီတဲ့ အချက်တစ်ချက်ရှိတယ်။ အဲဒါကတော့ မတူညီတဲ့ အကျင့်စရိုက်ဖြစ်တယ်။ (Og Madino)

(၇) ကျေးဇူးတုံ့ပြန်ခြင်းဆိုတာ အရမ်းကောင်းတဲ့ အကျင့်ဖြစ်တယ်။ကိုယ့်မှာ မရှိတဲ့အရာတွေနဲ့ အပြစ်မဆိုပါနဲ့ . . . ကိုယ့်မှာ ရှိတဲ့အရာတွေကို တန်ဖိုးထားပါ။ (H. Stanley Judd)

(၈) လူ့ဘဝကို ရိုသေလေးစားခြင်းပေါ်မှာ အခြေခံထားပါဘယ်လိုအကြောင်းအရာ၊ အခြေအနေမှာ ပဲဖြစ်ဖြစ် တခြားလူကိုယ့်ကို ဘယ်လိုပြုမူဆက်ဆံစေချင်တယ်ဆိုရင် ကိုယ်လည်း အဲဒီ လိုပြုမူဆက်ဆံပါ။ (Matthew Chapter 7 Lesson 12)

(၉) ရိုးသားခြင်းဆိုတာ အကောင်းဆုံးနည်းဗျူဟာ ဖြစ်တယ်အပြည်ပြည်ဆိုင်ရာ လူမှု ဆက်ဆံရေးမှာ ပဲဖြစ်ဖြစ်၊ လူလူချင်းဆက်ဆံရေး၊ အလုပ်သမား၊ ကုန်သည်ပွဲစား၊ ပညာရေး၊ မိသားစုနဲ့ ဒုစရိုက် နှိမ်နင်းရာမှာ ပဲဖြစ်ဖြစ် ရိုးသားခြင်းက အကောင်းဆုံးနည်းဗျူဟာဖြစ်တယ်။ ရိုးသားခြင်းက လူအချင်းချင်း ဆက်ဆံရေးကို အထိရောက်ဆုံး၊ အကြာရှည်ဆုံး ထူထောင်ပေးတဲ့ အခြေခံအုတ်မြစ်ဖြစ်တယ် Ramsey Clark)

(၁ဝ) ညင်သာပြေပြစ်တဲ့အပြောအဆိုက အရာအားလုံးကို အောင်နိုင်တယ်။လောကကြီးမှာ ကောင်းမွန်တဲ့ အားပေးစကားလောက် အင်အားကြီးတဲ့ရာမရှိဘူး။ အပြုံးလေးတစ်ပွင့်၊ ပျော်ရွှင်စေတဲ့ စကားလေးတစ်ခွန်း၊ မျှော်လင့်ချက်ပြည့်တဲ့ စကားတွေကို တစ်ဖက်သားကို ခွန်အားဖြစ်စေတယ်။ အခက်အခဲနဲ့ ရင်ဆိုင် ကြုံတွေ့တဲ့အခါ ‘မင်း လုပ်နိုင်တယ်’ ဆိုတဲ့ စကားတစ်ခွန်းကို ပြောပေးပါ။(Richard M. Devos)

(၁၁) စစ်မှန်တဲ့ အရင်းခံက ရင်ထဲကလာတာဖြစ်တယ်သင်ဟာ မည်သူမည်ဝါဖြစ်ဖြစ်၊ အသက် ဘယ်လောက်ကြီးကြီးတကယ်လို့ အောင်မြင်ခြင်းကို တစ်သက်ပိုင်ဆိုင်ချင်တယ်ဆိုရင် ရည်မှန်းချက်ပန်းတိုင်ကို တကယ့်ရင်ထဲမှာ အရင်းခံသင့်တယ်။ (Panl J. Meyer)

(၁၂) ရည်မှန်းချက်ဆိုတာ စိတ်ကူးအိပ်မက်ရဲ့ အောက်ခြေမျဉ်းဖြစ်တယ်။ရည်မှန်းချက်ရှိသူတွေ အောင်မြင်တယ်ဆိုတာ သူတို့ဟာဘယ်ကဘယ်လို ရှေ့ဆက်လှမ်းရမယ်ဆိုတာကို သိလို့ဖြစ်တယ်။ (Earl Nightingale)

(၁၃) ကြိုးကြိုးစားစား လုပ်ဆောင်ခြင်းက ဘာနဲ့မှ နှိုင်းလ့ို မရဘူးဘဝအတွက် အကောင်းဆုံးဆုလဒ်က ‘ထိုက်တန်တဲ့အလုပ်ကိုကြိုးကြိုးစားစား လုပ်ဆောင်နိုင်တဲ့ အခွင့်အရေးပြဲဖစ်တယ်'(TheodoreRoosevelt)

(၁၄) ရယူခြင်းရှိသလို ဆုံးရှုံးခြင်းလည်း ရှိတယ်။ကိုယ် ဘာကိုလိုချင်သလဲ ဆုံးဖြတ်ပါ။ ဘာနဲ့ ကိုယ် လဲလှယ်နိုင်မလဲ ဆုံးဖြတ်ပါ။ အစီအစဉ်တွေကို ရှင်းရှင်းလင်းလင်း ချပါ။ ပြီးရင်စပြီး အလုပ်လုပ်ပါ။ (H. Lamar Hunt)

(၁၅) အောင်မြင်သူတွေက အချိန်တွေကို ဖန်တီးတယ်အချိန်ဆိုတာ ဘဝဖြစ်တယ်။ ပြောင်းပြန်မစီးဘူး။ နောက်တစ်ကျော့ ပြန်မလာဘူး။ အချိန်ဖြုန်းနေတာဟာ ဘဝဖြုန်းနေတာပဲ ဖြစ်တယ်။ အချိန်ကို ဖမ်းဆုပ်တာဟာ ဘဝကို ဖမ်းဆုပ်တာပဲ ဖြစ်တယ်။ ဘဝကို ပြည့်ပြည့်ဝဝ အသုံးချတာဖြစ်တယ်။ (Alan Lakein)

(၁၆) မိမိကိုယ်ကိုယ် လေးစားမှု ဆိုတာ အောင်မြင်မှု တစ်မျိုးဖြစ်တယ်မိမိကိုယ်ကိုယ် လေးစားမှု ဆိုတာ သင့်ရင်ထဲမှ အနက်ရှိုင်းဆုံးနေရာကလာတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးဖြတ်မှု တစ်ခုဖြစ်တယ်။(Denis Waitley)

(၁၇) စိတ်ဓာတ်တစ်ခု ကြီးပြင်းရှင်သန်ဖို့ အာဟာရနဲ့ လေ့ကျင့်မှု တွေလိုတယ်။ခန္ဓာကိုယ်နဲ့ စိတ်ရဲ့ သဟဇာတဖြစ်မှု က ကျွန်တော်တို့နဲ့ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို အဆုံးအဖြတ်ပေးတယ်။(Dr. CarlThoresen)

(၁၈) လူတိုင်းမှာ ရှုံးနိမ့်တဲ့ အတွေ့အကြုံရှိတယ်။တကယ်လို့ ရှုံးနိမ့်ခြင်းကို သင် လက်ခံနိုင်ရင် ရှုံးနိမ့်ခြင်းထဲကနေ သင်ယူပါ။ တကယ်လို့ ရှုံးနိမ့်ခြင်းဆိုတာ အရောင်ခြယ်ထားတဲ့ပျော်ရွှင်မှု လို့ သင် ယုံကြည်ရင် ရှုံးနိမ့်ခြင်းထဲကနေ အကောင်းကို ရှာယူပါ။ အောင်နိုင်ခြင်းရဲ့ အခြေခံစွမ်းရည်ကို သင် ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။(Joseph Sugarman)

(၁၉) လူ့ဘဝအခြေခံတရားတွေကို စိတ်ပါလက်ပါ တွေ့ကြုံ ခံစားပါ။ဒါဟာ ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ဖြစ်တယ်။ အရမ်းရိုးရှင်းတဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်တယ်။ မျက်စိနဲ့ မမြင်နိုင်တဲ့အရာတွေကို စိတ်နဲ့တွေ့မြင် ခံစားမှ တကယ့် အမှန်တရားကို တွေ့တယ်။(The Little Prince/Antoine de Saint-Exupery)

(၂ဝ) အခြေခံအကျဆုံးနည်းက လူကောင်းတစ်ယောက်ဖြစ်ဖို့ပါပဲကိုယ်လုပ်နိုင်သလောက် ကောင်းမှု တွေလုပ်ပါ။ ကိုယ်သိတဲ့နည်းနဲ့ ကောင်းမှု တွေ လုပ်ပါ။(John Wesley)

မူရင်း ရေးသားသူ — Hal Urban

ပထမခြေလှမ်း

”လူငယ်လူရွယ်တွေအတွက် (၁ဝဝ)ကီလိုမီတာကိုမနားတမ်းပြေးနိုင်ပေမယ့် ကျွန်တော်အတွက်တော့သတ္တိဆိုတာ လိုခဲ့တယ်”

(၁၉၈၃) ခုနှစ် ဘာဆန်ဟမ် (Berson Ham) လို့ ခေါ်သူတစ်ဦးဟာ နယူးယောက်က အင်ပါယာစတိတ်အဆောက်အဦး(Empire StateBuilding) ကို လက်ချည်းသက်သက် တက်နိုင်ခဲ့လို့ ဂရင်းနစ်စံချိန်မှာ စံချိန်တင်ပြီး ‘ပင့်ကူလူသား’ ဆိုတဲ့အမည် တွင်ခဲ့တယ်။

ဒီသတင်းကိုကြားတော့ အမေရိကန်မှာ ရှိတဲ့ အမြင့်ကြောက်ရောဂါ (acrophobia) ပြန်လည်ထူထောင်ရေးအသင်းက ‘ပင့်ကူလူသား’ဟမ်ကို ဖုန်းဆက်ပြီး ထူထောင်ရေးအသင်းရဲ့ အတိုင်ပင်ခံလုပ်ဖ့ို ကမ်းလှမ်းခဲ့တယ်။

ကမ်းလှမ်းစာကိုရတော့ ဟမ်က အသင်းဥက္ကဋ္ဌ နော်မန်(Norman) ကို ဖုန်းဆက်ပြီး အဖွဲ့ဝင်နံပါတ် (၁ဝ၄၂) ကို စစ်ဆေးစေခဲ့တယ်။ စစ်ဆေးကြည့်တော့ အဖွဲ့ဝင် (၁ဝ၄၂) ရဲ့ နာမည်ကဘာဆန်ဟမ် (Berson Ham) ဖြစ်နေတာကို တွေ့လိုက်ရတယ်။

တကယ်တော့ ‘ပင့်ကူလူသား’လို့ အမည်တွင်ခဲ့တဲ့ ဘာဆန်ဟမ်ကိုယ်တိုင်က အမြင့်ကြောက်ရောဂါ စွဲကပ်နေသူဖြစ်တယ်။

ဒါကို သိလိုက်ရတဲ့ နော်မန်ဟာ အရမ်းအံ့သြသွားခဲ့တယ်။ပထမထပ် ဝရံတာမှာ ရပ်တာတောင် နှလုံးခုန်မြန်သူတစ်ယောက်ကမီတာ (၄ဝဝ)ကျော်မြင့်တဲ့ အဆောက်အဦးတစ်ခုကို လက်ဗလာနဲ့တက်ခဲ့တယ်ဆိုတာကို သူ မယုံကြည်နိုင်ဖြစ်ခဲ့တယ်။ ဒီအတွက် ဟမ်ကိုတွေ့ဆုံမေးမြန်းဖို့ သူ ဆုံးဖြတ်လိုက်တယ်။

ဖီလဒဲဖီးယား (Philadelphia) မြို့ပြင်မှာ ရှိတဲ့ ဟမ်ရဲ့ နေအိမ်ကို နော်မန် ရောက်လာခဲ့တယ်။ နော်မန် ရောက်တဲ့အချိန်က ဟမ်တို့အိမ်မှာ ဧည့်ခံပွဲလေးတစ်ခု ကျင်းပနေချိန်ဖြစ်ပြီး အဘွားအိုတစ်ဦးကိုသတင်းထောက်တွေက ဝိုင်းရံပြီး ဓာတ်ပုံရိုက်၊ မေးမြန်းနေချိန်ဖြစ်တယ်။

အဘွားအိုက အသက် (၉၄)နှစ်ရှိပြီဖြစ်တဲ့ ဟမ်ရဲ့ အဘွားဖြစ်တယ်။ အဘွားအိုဟာ ဟမ် ဂရင်းနစ်စံချိန်ဝင်ခဲ့တဲ့ သတင်းကိုကြားလို့ကီလိုမီတာ (၁ဝဝ) အဝေးကနေပြီး ခြေကျင်လာခဲ့တာ ဖြစ်တယ်။ လမ်းလျှောက်လာခဲ့တဲ့ ရည်ရွယ်ချက်ကလည်း ဟမ်ရဲ့ အောင်မြင်မှု ကို အရောင်ထပ်ဖြည့်ပေးစေချင်တဲ့ ဆန္ဒကြောင့်ဖြစ်တယ်။ သူ့ရဲ့ ဒီလိုဆန္ဒက လူအိုတစ်ယောက် ကီလိုမီတာ (၁ဝဝ)ကျော်ကို ခြေကျင် လျှောက်ခဲ့တယ်ဆိုတဲ့ကမ္ဘာ့စံချိန်ကို ချိုးခဲ့ပြန်တယ်။

‘နယူးယောက်တိုင်းမ်’ သတင်းထောက်တစ်ဦးက အဘွားအိုကို . . .

‘ခြေကျင်လာဖို့ ဆုံးဖြတ်ချိန်မှာ ကိုယ့်အသက်အရွယ်ကြောင့်မတုန်လှုပ်ခဲ့ဘူးလား’လို့ မေးတယ်။

‘လူငယ်လူရွယ်တွေအတွက် (၁ဝဝ)ကီလိုမီတာကို မနားတမ်းပြေးနိုင်ပေမယ့် ကျွန်တော်အတွက်တော့ သတ္တိဆိုတာ လိုခဲ့တယ်။ ဒါပေမယ့်ခြေလှမ်းတစ်လှမ်းအတွက်က သတ္တိမလိုခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော် ပထမခြေတစ်လှမ်း အရင်စလှမ်းတယ်။ ပြီးရင် နောက်တစ်လှမ်းဆက်တယ်။တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုံးမှာ (၁ဝဝ) ကီလိုမီတာကို ကျွန်တော်လျှောက်ပြီးသား ဖြစ် သွားပါတယ်။ ကျွန်တော်က ဒီလို လျှောက်လာခဲ့တာပါ’

အဘွားအိုရဲ့ စကားကို နားထောင်ပြီး နော်မန် သဘောပေါက်သွားခဲ့တယ်။ အမြင့်ကြောက်ရောဂါရှိသူ ဟမ်ဟာ အဆောက်အဦးကိုတက်ဖို့ ပထမခြေလှမ်းအတွက် သတ္တိတွေ ထည့်ခဲ့တယ်။ အဲဒီ သတ္တိကြောင့် သူ့ရဲ့ အမြင့်ကြောက်ရောဂါက အလိုလိုနေရင်း ပျောက်သွားခဲ့တယ်။

ထူးဆန်းအံ့သြမှု ကို ဖန်တီးနိုင်သူတိုင်းဟာ ပထမခြေလှမ်း စလှမ်းရဲတဲ့ သတ္တိရှိရုံတင်မက အဲဒီ နဂိုသတ္တိလေးကို နောက်ဆုံးအထိကြံ့ ကြံ့ခံနိုင်ခဲ့တဲ့အတွက်ကြောင့် ဖြစ်တယ်။ ပထမခြေလှမ်း စလှမ်းရဲပြီဆိုတာနဲ့ နောက်တစ်လှမ်းဆက်ဖို့က မခက်ခဲတော့ပါဘူး။

Leave a comment

Design a site like this with WordPress.com
Get started